Forget Warry Tarven 2018


 သိုင်းဝတ်စုံနဲ့လိုက်ဖက်မှုအရှိဆုံး မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ Lin Geng Xin နဲ့ မင်းသမီးကျောက်လိယင်ရဲ့ နောက်ထပ်တွဲဖက်မှုတစ်ခုပဲဖြစ်ပါတယ်။ 
သိုင်းလောကရဲ့မှောင်မိုက်တဲ့နေ့ရက်တစ်ရက်က အစပြုခဲ့တယ်။ ဟွာရှန်းဂိုဏ်းချုပ်ဟာ သစ္စာဖောက်တစ်ယောက်ရဲ့ လုပ်ကြံမှုကိုခံခဲ့ရတယ်။ အနှစ်နှစ်ဆယ်ကြာပြီးတဲ့အခါမှာတော့ ဟွာရှန်းဂိုဏ်းက တုကူးဓားသိုင်းတတိယအဆင့်ချီကြွယ်ဟာ လူဆိုးအဖြစ်နဲ့ ပြန်ပေါ်လာခဲ့တယ်။ ထိုအတူ ဟွာရှန်းဂိုဏ်းကိုလည်း ထူးချွန်တဲ့လူငယ်တစ်ယောက်ရောက်ရှိလာခဲ့တယ်။ ထိုလူငယ်ကလည်း တုကူးဓားသိုင်းရဲ့ တတိယအဆင့်ထိတတ်မြောက်နေပြန်တယ်။
ထိုလူငယ်ကရော ဘယ်သူလဲ ...?
တုကူးဓားသိုင်းရဲ့လျှိဝှက်ချက်ကရော ဘာဖြစ်မလဲ
ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြတော့နော်။