မင်းသားက သိုင်းမတတ်ပဲ ချောက်ထဲကျပြီး သဏ္ဍာန်မဲ့နတ်သိုင်းကို ရပြီးကြမ်းသွားတဲ့ရုပ်ရှင်ပါ။
ဒီကားထဲမှာ ကျိုရင်းသိုင်းကျမ်း၊ နေကြာသိုင်းကျမ်း စတဲ့နာမည်ကြီးသိုင်းတွေလည်းပါသလို တုန်ဖန်းပုပိုက်လည်း ပါပါသေးတယ်။
နေကြာသိုင်းကျမ်းရဲ့လျှိဝှက်ချက်ကိုလည်း ဒီထဲမှာပြောပြသွားပါတယ်။ စီးရီးမှာ ဒီသိုင်းကိုကျင့်ရင် သင်းကွပ်ရမယ်လိုပြောထားပါတယ်။ တကယ်တော့ စာအုပ်က တစ်ရွက်ပြဲနေတာဖြစ်ပြီး အဲ့စာမျက်နှာမှာ သင်းမကွပ်လည် သိုင်းကျင့်လိုရတယ်လို ရေးထားတာပါပဲ 😅